World Trade Symposium သို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်ခြင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးသည် ၂၀၂၂ ခုနှစ်၊ မတ် လ(၃၁)ရက်နေ့တွင် လန်ဒန်မြို့၌ ကျင်းပသော “ကမ္ဘာ့ကုန်သွယ်ရေး နှီးနှောဖလှယ်ပွဲ” သို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

အဆိုပါ နှီးနှောဖလှယ်ပွဲအား “ Digital Trade: Charting the Way Forword the tech- tonic Opportunity ” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ကမ္ဘာ့သစ်အခင်းအကျင်းနှင့်ကုန်သွယ်ရေးမူဝါဒများ၊ ဒစ်ဂျစ်တယ်လ်နည်းပညာဖြင့်ကုန်သွယ်ရေးကဏ္ဍမြှင့်တင်ခြင်း၊ ကမ္ဘာ့ပြောင်းလဲမှုရာစုသစ်နှင့် ကုန်သွယ်ရေးကဏ္ဍ ၊ ဒစ်ဂျစ်တယ်လ်ကမ္ဘာနှင့် တန်းတူညီမျှမှု၊ မျှတမှုဆိုင်ရာအခြေအနေများ၊ ဒစ်ဂျစ်တယ်လ် ပလက်ဖောင်းနှင့်ဈေးကွက်၊ ဒစ်ဂျစ်တယ်လ် ဘဏ္ဍာရေး၊ Crowd Sourcing ပဋိပက္ခနှင့် ဒစ်ဂျစ်တယ်လ် ကုန်သွယ်ရေး၊ ဒစ်ဂျစ်တယ်လ်အနာဂတ် ( Digital Future )ဖြင့် ကမ္ဘာ့ရေးရာပြဿနာများအား ဖြေရှင်းခြင်း၊ Geopolitics နှင့် ဒစ်ဂျစ်တယ်လ် ပြုပြင်ပြောင်းလဲရေး၊ သက်ရောက်မှုတိုင်းတာခြင်း စနစ်များ ၊ Trade Finance Gaps ၊ ကုန်သွယ်ရေးဆိုင်ရာပွင့်လင်းမြင်သာမှု ၊ Block chain နည်းပညာ၊ ဒစ်ဂျစ်တယ်လ် အချုပ်အခြာအာဏာ သတင်းအချက်အလက် ဆိုင်ရာ Localisation နှင့် ဆိုင်ဘာလုံခြုံရေးစသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

Global Agenda for a digital future ချမှတ်ရေးကိုလည်း common goal အဖြစ်လုပ်ဆောင်သွားကြရန် သဘောတူညီခဲ့ကြသည်။

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Scroll to Top