World Milk Day အထိမ်းအမှတ် အခမ်းအနား ကျင်းပခြင်း

စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

၂၀၂၂ ခုနှစ် ၊ ဇွန် လ (၁) ရက်နေ့

World Milk Day အထိမ်းအမှတ်အခမ်းအနားအား အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၂၀၂၂ ခုနှစ် ၊ ဇွန် လ (၁) ရက်‌နေ့ ၊ ညနေ (၄) နာရီမှ (၆) နာရီ အထိ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

ရှေးဦးစွာ အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ Myanmar Institute of Commerce (MIC) မှ အမှုဆောင်ညွှန်ကြားရေးမှူးမှ အဖွင့်အမှာစကား ပြောကြားရာ “World Milk Day” ကို မြန်မာနိုင်ငံအနေဖြင့် ပထမဦးဆုံး ကျင်းပသော အခမ်းအနား ဖြစ်ပေမယ့် ကမ္ဘာနှင့်အဝှမ်း ကျင်းပလာခဲ့ကြသည်မှာ နှစ်ပေါင်း (၂၀) ကျော်လာပြီ ဖြစ်ကြောင်း ၊ “World Milk Day” အစ “FAO” ဟု ဆိုရမည် ဖြစ်ပြီး ကမ္ဘာ့အစားအစာ global food အဖြစ်၊ အရေးပါ၍ သန်းပေါင်းများစွာလုပ်သား၏ အသက်မွေးမှု ၊ ဝင်ငွေ ၊ အလုပ်အကိုင်များသည် နို့နှင့် နို့ထွက် ပစ္စည်းထုတ်လုပ်မှု လုပ်ငန်းများအပေါ် မှီခိုနေကြကြောင်း ၊ အာဟာရတန်ဖိုးမြင့်မားသလို ကျန်းမာရေး အတွက်လည်း အရေးပါသော “နို့” တန်ဖိုးကို ရည်ရွယ်၍ ကျင်းပကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက ၂၀၂၂ ခုနှစ် ဆောင်ပုဒ်သည် “Dairy Net Zero” ဖြစ်ပြီး Net Zero Means , How Net Zero can be achieved , Journey to Net Zero , Net Zero standard , Net Zero for Nations , Net Zero city , Net Zero Targets for corporates , Dairy Industry , Dairy Farms , History of Dairying , Modernization of the Industry , Milk Processing , Separation , Pasteurization , Homogenization , Global Dairy and GHG Emissions (FAO Analysis) , Milk Production Among regions (FAO Analysis ) တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

အဆိုပါ “World Milk Day” အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး အပါအဝင် ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊CDM များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ညနေ(၆)နာရီတွင် ပြီးမြောက်ကြောင်း ကြေညာခဲ့ပါသည်။

2

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်