World Intellectual Property Day အထိမ်းအမှတ်အခမ်းအနားကျင်းပခြင်း

၂၀၂၂ ခုနှစ် ၊ ဧပြီ လ ၂၆ ရက်နေ့တွင် ကျရောက်သော World Intellectual Property Day ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ World Intellectual Property Day အထိမ်းအမှတ်အခမ်းအနားကို ကျင်းပ ဆောင်ရွက် ခဲ့ပါသည်။

ရှေးဦးစွာ အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ စီးပွားရေးရာ ဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က World Intellectual Property Day အကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြပြီး၊ ယှဉ်ပြိုင်မှုနှင့်စားသုံးသူ ရေးရာဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က Intellectual Property နှင့် သက်ဆိုင်သည့် ဥပဒေရေးရာများအား ဆွေးနွေးတင်ပြခဲ့သည်။

ယင်းနောက် World Intellectual Property Day အထိမ်းအမှတ်အဖြစ် Gen Z and Millennials : Creators of Tomorrow စကားဝိုင်းကို ဆက်လက် ကျင်းပခဲ့ရာ စီးပွားရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က Moderator အဖြစ်ဆောင်ရွက်ပြီး၊ အမျိုးသမီး၊ လူငယ်နှင့် ကလေး သူငယ်ရေးရာ၀န်ကြီးဌာနမှ ပြည်ထောင်စု၀န်ကြီး နော်ဆူစန်နာလှလှစိုး၊ စီးပွားရေးနှင့် ကူးသန်း ရောင်း၀ယ်ရေး၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ၀န်ကြီးဌာနမှ အတွင်း၀န် ဦးနေဘုန်းလတ်၊ Intellectual Property ဆိုင်ရာ ဉပဒေပညာရှင် ဦးမြင့်လွင်တို့မှ ပါ၀င်ဆွေးနွေးခဲ့ကြသည်။

World Intellectual Property Day အထိမ်းအမှတ်အခမ်းအနားသို့ ပြည်ထောင်စု၀န်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရှင်များ၊ စီဒီအမ်များ၊ အရပ်ဖက်ဆိုင်ရာ အဖွဲ့အစည်းများ ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး အပြန်အလှန် ဆွေးနွေး အကြံပြုခဲ့ကြပါသည်။

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်