World Food safety Day အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

၂၀၂၂ ခုနှစ် ၊ ဇွန် လ (၈)ရက်နေ့

အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် “World Food safety Day” ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ်အခမ်းအနားကို ၂၀၂၂ ခုနှစ် ၊ ဇွန် လ (၇) ရက်နေ့ ၊ ညနေ (၄) နာရီမှ (၆) နာရီ အထိ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

ရှေးဦးစွာ အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်က အဖွင့်အမှာစကားပြောကြားခဲ့ရာ “World Food safety Day” ကို ကြိုဆိုသည့် အနေဖြင့် ယခုကဲ့သို့ အထိမ်းအမှတ်အခမ်းအနားကို ကျင်းပနိုင်သည့်အတွက် ဂုဏ်ယူဝမ်းမြောက် ပါကြောင်း ၊ လူသားတို့အနေဖြင့် ကျန်းမာရေး ၊ စီးပွားရေး ကောင်းမွန်မှသာလျှင် တိုးတက်သောလူနေမှု ဘဝကို ဖန်တီးနိုင်မည်ဖြစ်ပြီး အနာဂတ်တွင် စားသုံးသူများအတွက် ဘေးကင်းလုံခြုံစိတ်ချရသော Food safety ကို ရရှိနိုင်ရန်အတွက် အဖက်ဖက်က ဝိုင်းဝန်းကြိုးစား၍ ပုံဖော်ဖန်တီးကြရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ယှဉ်ပြိုင်မှုနှင့်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က “သတိပြုရမည့် Food Safety”အကြောင်းကို ဆွေးနွေးတင်ပြရာ လူတစ်ယောက်၏ဘဝသည် မွေးဖွားချိန်မှစ၍ ကောင်းမွန် သောအာဟာရကို စားသုံးမှုမရရှိခဲ့လျှင် ဘဝတစ်လျှောက်လုံး၌ ကျန်းမာရေးဆိုင်ရာပြဿနာများကို ရင်ဆိုင်နေရပြီး ကောင်းမွန်ပြည့်စုံသောလူ့ဘဝကိုရှိနိုင်မှာမဟုတ်ကြောင်း၊ မကောင်းမွန်သော အစား အသောက်မှတဆင့် နာမကျန်းမှု ၊ ရောဂါပိုးမွှား ဘက်တီးရီးယားများ၊ ဘေးဥပါဒ်အန္တရာယ်ကို ရရှိနိုင်သည်ဖြစ်သည့်အတွက် သန့်ရှင်းသောအစားအသောက်များကို စားသုံးနိုင်ရေးသည် စားသုံးသူများ၏ အခွင့်အရေးဖြစ်သော “Right to basic need” ကိုရရှိနိုင်မည်ဖြစ်ကြောင်း၊ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရန် မျိုးစေ့ထုတ်လုပ်မှုမှစ၍ စိုက်ပျိုး၊ရိတ်သိမ်း၊ သိုလှောင်၊ပို့ဆောင်၊ဖြန့်ဖြူး၊ ချက်ပြုတ် စားသုံးရန် စားပွဲပေါ်ရောက်သည်အထိ အဆင့်တိုင်းသည် အရေးပါသော အဆင့်များဖြစ်ပြီး သန့်ရှင်းရန် လိုအပ်ကြောင်း၊ နှစ်စဉ်နှစ်တိုင်း ကမ္ဘာပေါ်တွင် မသန့်ရှင်းသောအစားအသောက်ကြောင့် နာမကျန်းမှုဖြစ်ခြင်းသည် သန်း ၆၀၀ ကျော်ရှိသည့်အတွက် လူသားများ၏ ကျန်းမာရေးချို့တဲ့လာပြီး နောက်ဆုံးတွင် တိုင်းပြည်၏ စီးပွားရေးအခြေအနေ ကျဆင်း‌လာကြောင်း၊ ၂၀၁၈ ခုနှစ်တွင် UN General Assembly ၏ တောင်းဆိုချက်ကြောင့် The World Health Organization(WHO) နှင့် The Food and Agriculture Organization(FAO)တို့ ပူးပေါင်းပြီး ဇူလိုင်လ ၇ ရက်နေ့ကို World Food Safety Day ဆိုပြီး ကျင်းပခဲ့ကြကြောင်း၊ Myanmar , US , Australia , China , Russia နိုင်ငံတို့၏ Food Safety ဥပဒေအကြောင်းတို့ကို ဆွေနွေးပြောကြားခဲ့ပါသည်။

ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက Food Safety ၊ Good Agriculture Practices ၊ Food Safety Standards ၊ Food Safety as a health issue ၊ World Food Safety Day 2022 ဟူ၍ အပိုင်း(၅) ပိုင်းခွဲ၍ ဆွေးနွေးတင်ပြရာ Definition and its importance ၊Food contamination ၊ Food Safety as a part of food quality ၊ Food Production chain and contamination ၊ Good Agricultural Practices(GAP) ၊ Food Safety Standards and GAP ၊ Chemical Hazards ၊ Biological Hazards ၊ Bacteria ၊ Parasites ၊ Viruses ၊ Physical Hazards ၊ Good Agriculture Practices for food Safety ၊ Global Food Safety Initiatives (GFSI) ၊ Food Safety Management ၊ Governments ၊ Food Businesses ၊ Educational Institutions and Workplaces ၊ Consumers အကြောင်းတို့ကို ပြည့်စုံစွာ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

အခမ်းအနားအပိတ်အမှာစကားကို အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ယှဉ်ပြိုင်မှုနှင့်စားသုံးသူရေးရာဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ်က ပြောကြား ခဲ့ရာ Food Safety အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပေးသော ပြည်ထောင်စုဝန်ကြီး နှင့် အချိန်ပေးပြီး တက်ရောက်ပေးကြသူအားလုံးကို ကျေးဇူးတင်ကြောင်း ၊ တက်ရောက်လာသူများမှ အကြုံပြုချက်ပေးသည့်ပေါ် ကောင်းမွန်သည့်ရလဒ်ကောင်းများ ပိုင်ဆိုင်နိုင်ရန် ဆက်လက်၍ အတူတကွ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ “World Food safety Day” သို့ ပြည်ထောင်စုဝန်ကြီး အပါအဝင် ၊ ဌာနဆိုင်ရာ အကြီးအကဲများ ၊ CDM များ ၊ ပြည်သူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ညနေ(၆)နာရီတွင် ပြီးမြောက်ကြောင်း ကြေညာခဲ့ပါသည်။

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Scroll to Top