World Environment Day အထိမ်းအမှတ်အဖြစ် ESG Training Program ကျင်းပခြင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

၂၀၂၂ ခုနှစ် ၊ ဇွန် လ (၆) ရက်နေ့

အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် “World Environment Day” ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၂ ခုနှစ် ၊ ဇွန် လ (၅) ရက်နေ့ တွင် ESG Training Program ကို ညနေ (၆) နာရီမှ (၈) နာရီ အထိ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

ရှေးဦးစွာ အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက Introduction to Environment , Social and Governance (ESG) ၊ What is ESG ၊ The History and Evolution of ESG ၊ ESG’s Growth into the Mainstream ၊ Why is it Important ၊ ESG factors ၊ ESG Risks & Opportunities ၊ Corporate Pressures & Stakeholder Expectations ၊ What Are Stakeholders and Why Are They Important ၊ Overarching Stakeholder Expectations ၊ Modern Demands on Corporate Supply Chains ၊ Key Considerations for Companies & Investors ၊ Reporting Transparency and Valuation ၊ ESG and Competitive Advantage ၊ ESG Investing Trends & Fund Performance ၊ Initiatives & Their Impacts တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဆရာမမေရီက အပိတ်အမှာစကားပြောကြားခဲ့ရာ “World Environment Day” ကို ဂုဏ်ပြုသောအားဖြင့် ESG Training Program ကို ပြုလုပ်နိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ၊ ဒီနှစ်အတွက် World Environment Day ၏ Theme က Only one Earth – Living Sustainably in harmony with nature ဖြစ်ပြီး နိုင်ငံတကာရှိ အစိုးရများသည် မတူညီသောအခမ်းအနားများကို ကျင်းပကြကြောင်း ၊ Main Big Event အနေဖြင့် ဆွီဒင်နိုင်ငံတွင် Musical Concert ၊ မွန်ဘိုင်းတွင် Cyclothon စက်ဘီးစီးသော Campaign ၊ အီဂျစ် ကိုင်ရိုတွင် Environment Activist က သူတီထွင်ထားသော လျှပ်စစ်ဆိုင်ကယ်ကို နိုင်းမြစ် တလျှောက် စီးပြခြင်း ၊ ရိုမေးနီးယားတွင် E-Waste Collection Event တွေကို Set Up Point ထောင်ခြင်း၊ Australia တွင် သစ်ပင်စိုက်ပွဲ၊ ကလေးများတီထွင်သော Environment Game တွေကို Promote လုပ်ခြင်းများ ပုံစံအမျိုးမျိုးဖြင့် ကျင်းပဆောင်ရွက်ကြကြောင်း၊ ယခုလို အထိမ်းအမှတ်နေ့မှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် စီးပွားရေးနှင့်သက်ဆိုင်သော ရှုထောင့်ဖြစ် သည့် မူဝါဒများ ချမှတ်ရာတွင် ကမ္ဘာမှာလည်း တွင်တွင်ကျယ်ကျယ်အသုံးပြုလာသော Environment Social Government Criteria တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပေးသော ပြည်ထောင်စုဝန်ကြီး နှင့် အချိန်ပေးပြီး တက်ရောက်ပေးကြသူအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ ESG Training Program သို့ ပြည်ထောင်စုဝန်ကြီး အပါအဝင် ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊CDM များ ၊ ပြည်သူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ညနေ(၈)နာရီတွင် ပြီးမြောက်ကြောင်း ကြေညာခဲ့ပါသည်

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Scroll to Top