စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
Myanmar Institute of Commerce
New Commercial Leadership Program ဆိုင်ရာ ကြေညာချက် (၃/၂၀၂၁)
====================================================
အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ Myanmar Institute of Commerce သည် New Commercial Leadership Program ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ Diploma in International Business နှင့် Diploma in International Trade Course ဖွင့်လှစ်ရန် သင်တန်းသားများ ခေါ်ယူခဲ့ပါသည်။ သင်တန်းသားများခေါ်ယူရာတွင် သင်တန်း လျှောက်လွှာတောင်းဆိုမှုအတွက် လူသုံးထောင်ကျော်ခန့် ဆက်သွယ်ပြီး၊ လျှောက်လွှာ (၇၀၀) ကျော် တင်သွင်းခဲ့ကြပါသည်။ အဆိုပါ လျှောက်လွှာ (၇၀၀) ကျော် အနက် မှ ရွေးချယ်ခံရသော Diploma in International Business နှင့် Diploma in International Trade သင်တန်းသားများကို အောက်တိုဘာလ (၁၂) ရက်နေ့တွင် အီးမေးလ်မှတဆင့် အကြောင်းကြားထားပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လျှောက်ထားသူ များအနေဖြင့် သက်ဆိုင်ရာ အီးမေးလ်များအား စစ်ဆေးပေးပါရန် တိုက်တွန်းအပ်ပါသည်။
စီမံအုပ်ချုပ်မှုဒါရိုက်တာ
Myanmar Institute of Commerce
