၂၀၂၂ ခုနှစ်၊ ဇွန် လ (၁၁)ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စီးပွားရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ ဖော်ဆောင်နိုင်ရေးအတွက် Myanmar Institute of Commerce ကို တည်ထောင်ပြီး၊ သင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါသင်တန်းများအနက် Microeconomics Training သင်တန်းကို (၂၀၂၂) ခုနှစ်၊ ဇွန် လ (၆) ရက်နေ့မှ (၁၀) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာ၊ သင်တန်းသား၊ သင်တန်းသူ (၁၈၅ ) ဦးတက်ရောက်ခဲ့ပြီး၊ သင်တန်းသား၊ သင်တန်းသူ (၁၈၂) ဦး ပြီးမြောက် အောင်မြင်ခဲ့ပါသည်။
