” Micro, Small and Medium-sized Enterprises Day” အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

၂၀၂၂ ခုနှစ် ၊ ဇွန်လ (၂၇)ရက်နေ့

အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် “Micro , Small and Medium-sized Enterprises Day” အထိမ်းအမှတ်အခမ်းအနားကို ၂၀၂၂ ခုနှစ် ၊ ဇွန် လ (၂၇) ရက်နေ့ ၊ မနက် (၁၀) နာရီမှ နေ့လည် (၁) နာရီ အထိ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

ရှေးဦးစွာ အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး “ ၂၀၂၂ ခုနှစ်၏ ဆောင်ပုဒ်ဖြစ်သော Resilience and Rebuilding : MSMEs for Sustainable Development ” ခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေးတင်ပြခဲ့ရာ SMS Trends, Personal Resilience , Resilience Model , Resilience for a Thriving Workplace , Organizational Resilience Framework, Business Resilience , Business Resilience Strategy တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ “ The Role of MSME for Sustainable Development in Myanmar ” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆောင်ရွက်ခဲ့ကြပြီး Sustainable Development Goals အချက် (၁၇) အကြောင်း ၊ sustainable development goals နှင့် SMEs ဆက်စပ်နေမှု လက်ရှိအခြေအနေသုံးသပ်ချက်များ ၊ အမျိုးသမီးများနှင့် SMEs စိန်ခေါ်မှု အခြေအနေများကို ဆွေးနွေးခဲ့ပါကြသည်။

ထို့နောက် တက်ရောက်လာသူများက လုပ်ငန်းအတွေ့အကြုံများ ၊ လက်ရှိရင်ဆိုင်နေရသော အခက်အခဲအခြေအနေများ ၊ စိန်ခေါ်ချက်များ ၊ အကြံပြုချက်များစသည်တို့ကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ အခမ်းအနားအစီအစဉ်အတိုင်းဆက်လက်ဆောင်ရွက်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ SME Development Centre မှ ညွှန်ကြားရေးမှူးက SME လုပ်ငန်းများ မှတ်ပုံတင်ခြင်းအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က အခမ်းအနားအပိတ်အမှာစကားကို ပြောကြားခဲ့ပါသည်။

” Micro , Small and Medium-sized Enterprises Day” အထိမ်းအမှတ်အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး အပါအဝင် ၊ ဌာနဆိုင်ရာ အကြီးအကဲများ ၊ CDM ဝန်ထမ်းများ ၊ စီးပွားရေးလုပ်ငန်းရှင်များ ၊ ပြည်သူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နေ့လည်(၁)နာရီတွင် ပြီးမြောက်ကြောင်း ကြေညာခဲ့ပါသည်။

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်