၂၀၂၂ ခုနှစ်၊ မေလ (၁၅)ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် စီးပွားရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ ဖော်ဆောင်နိုင်ရေးအတွက် Myanmar Institute of Commerce ကို တည်ထောင်ပြီး၊ သင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါသင်တန်းများအနက် Leadership and Management Training သင်တန်းကို (၂၀၂၂) ခုနှစ်၊ မေလ (၉) ရက်နေ့မှ (၁၃) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာ၊ သင်တန်းသား၊ သင်တန်းသူ (၂၈၁) ဦးတက်ရောက်ခဲ့ပြီး၊ သင်တန်းသား၊ သင်တန်းသူ (၂၆၀ ) ဦး ပြီးမြောက် အောင်မြင်ခဲ့ပါသည်။
