“ International Day Against Drug Abuse and Illicit Trackiffing” အထိမ်းအမှတ်အခမ်းအနားကျင်းပခြင်း

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

၂၀၂၂ ခုနှစ် ၊ ဇွန် လ (၂၇)ရက်နေ့

အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် “International Day Against Drug Abuse and Illicit Trackiffing ” အထိမ်းအမှတ်အခမ်းအနားကို ၂၀၂၂ ခုနှစ် ၊ ဇွန် လ (၂၆) ရက်နေ့ ၊ ညနေ (၄) နာရီမှ (၆) နာရီ အထိ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

ရှေးဦးစွာ အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမျိုးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်နိုင်ငံတကာရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ” 2022 ခုနှစ်၏ ဆောင်ပုဒ်ဖြစ်သော Addressing drug challenges in health and humanitarian crises” ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးရာ 2022 World Drug Day တွင် ပါဝင်သူများ၏ အခန်းကဏ္ဍ ၊ CareinCrises Campaign ၊ United Nations Office on Drugs and Crime (UNODC) ၏ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က “ International Drug Trade” ခေါင်းစဉ်ဖြင့် What is Drug Trafficking ? ၊ International approach ၊ Regional drug market ၊ ASEAN approach တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက “ Economic of Drug Policy and Drug Wars” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြရာ Drug Demand ၊ Drug Supply ၊ Drug Economy in Myanmar ၊ Drug Economy and Women , Peace and Security ဟူ၍ အပိုင်း(၅)ပိုင်းဖြင့် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ထို့နောက် အခမ်းအနားအပိတ်အမှာစကားကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ Myanmar Institute of Commerce မှ ညွှန်ကြားရေးမှူးချုပ်က ပြောကြားရာ ဆွေးနွေးပေးကြသော ပြည်ထောင်စုဝန်ကြီး နှင့်တကွ ဆရာ ၊ဆရာမများ ၊ အချိန်ပေးပြီး တက်ရောက်ပေးကြသူအားလုံးကို ကျေးဇူးတင်ကြောင်း ၊ အကျိုးရလဒ်ရရှိစေရန်အတွက် ပြည်သူတစ်ရပ်လုံးလက်တွဲညီညီ ပူးပေါင်းပါဝင်ကြပါစို့ တိုက်တွန်းပြောကြားခဲ့ပါသည်။

အဆိုပါ “ International Day Against Drug Abuse and Illicit Trackiffing” အထိမ်းအမှတ် အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး အပါအဝင် ၊ ဌာနဆိုင်ရာ အကြီးအကဲများ ၊ CDM ဝန်ထမ်းများ ၊ ပြည်သူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ညနေ(၆)နာရီတွင် ပြီးမြောက်ကြောင်း ကြေညာခဲ့ပါသည်။

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Scroll to Top