အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန​၏ ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ) ကျင်းပ ပြုလုပ်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန​၏ ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ) အား အောက်တိုဘာလ ၂၈ရက်နေ့ ညနေ (၁၆:၀၀)မှ (၁၇:၃၀)အချိန် အထိကျင်းပပြုလုပ်ခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး၊ အမြဲတမ်းအတွင်းဝန်၊ သက်ဆိုင်ရာဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊အမှုထမ်းများ စုစုပေါင်းအင်အား(၂၅)ဦး တက်ရောက်ခဲ့ပါသည်။

ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲတွင် ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဌာန​၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ လက်ရှိဆောင်ရွက်နေ့သည့်လုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး လမ်းညွှန်မှုများပြုလုပ်ခဲ့ပါသည်။

ယင်းနောက် အမြဲတန်းအတွင်းဝန် က လုပ်ငန်းတာဝန်များဆောင်ရွက်မှုနှင့် ပတ်သက်၍ လိုအပ်ချက်များအား ဆွေးနွေးပြောကြားခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ ဆန္ဒဖော်ထုတ် ပွဲကို ၁၇း၃၀ နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top