၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၇ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ World Intellectual Property Day (2024)ကို ဧပြီလ ၂၆ရက်နေ့ မြန်မာစံတော်ချိန်ည ၈နာရီတွင် ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စု၀န်ကြီးများ၊ အတွင်း၀န်များ၊ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စီးပွားရေးတာ၀န်ခံများနှင့် CDM ဝန်ထမ်းများ ပါဝင်တက်ရောက်ခဲ့ပါသည်။
ပထမဦးစွာ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်မှ မြန်မာပြည်တွင် မူပိုင်ခွင့်ဥပဒေအတည်ပြု ပြဌာန်းခဲ့သော သမိုင်းကြောင်းအား ရှင်းလင်းဆွေးနွေးပြီး နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဆန်းသစ်တီထွင်ဖန်တီးနိုင်သော လူ့စွမ်းအားအရင်းအမြစ်များကို တိုးမြှင့်နိုင်ရန်အတွက် အထောက်အကူပြုမည့် မြန်မာပြည်၏ မူပိုင်ခွင့်ဥပဒေကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် ဆန္ဒပြုရင်း World Intellectual Property Day ကို ကြိုဆိုကြောင်း အဖွင့်အမှာစကားပြောဆိုခဲ့ပါသည်။
ဆက်လက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါ်ခင်မမမျိုးမှ ယခု (၂၀၂၄) ခုနှစ်၏ theme သည့် IP and the SDGs: Building our common future with innovation and creativity ဖြစ်ပြီး မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးသော အနာဂတ်တိုင်းပြည် တည်ဆောက်ရေး ခေါင်းစဉ်ဖြစ်သည့် အတွက် အလေးအနက်ထားပြီး ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မူပိုင်ခွင့်ကဏ္ဍနှင့်ပတ်သက်၍ ဆောင်ရွက်မှု၊ မြှင့်တင်မှုများသည် ကမ္ဘာကြီး၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်နေသော အရာများဖြစ်သည့်အတွက် Sustainable Development Goals များနှင့် ဆက်နွယ်ပတ်သက်မှုများရှိကြောင်း၊ Sustainable Development Goals များ ပြည့်မီအောင် ဆောင်ရွက်ရန်အတွက် အခြေတည်ထားသော ရှုထောင့်၃ခု၊ အရေးပါသော ပန်းတိုင် ၁၇ ခု အကြောင်းများအား ဆွေးနွေး ရှင်းလင်းခဲ့ပါသည်။ ဒုတိယအနေနှင့် Intellectual Property သည် စျေးကွက်တည်တံ့ခိုင်မြဲမှုနှင့် ဆန်းသစ်တီထွင်မှုများကို မြှင့်တင့်ပေးနိုင်ကြောင်း၊ Intellectual Property နှင့် ပတ်သက်၍ ကာကွယ်စောင့်ရှောက်ခြင်းများသည် အသိပညာ၊ နည်းပညာနှင့် တီထွင်ဖန်တီးနိုင်မှုများ၊ ဘဏ္ဍာရေး အကျိုးစီးပွားများအား စနစ်တကျထိန်းသိမ်းစောင့်ရှောက်ပေးခြင်းဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသူများမှ မြန်မာနိုင်ငံ၏ Intellectual Property နှင့် Sustainable Development Goals များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်သင့်သည့်အချက်များကို အကြုံပြု မေးမြန်းဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တွဲဘက်အတွင်းဝန်မှ ယနေ့ World Intellectual Property Day အထိမ်းအမှတ်အခမ်းအနားအား ကျင်းပနိုင်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ လူမှုစီးပွားပညာရှင်များက Intellectual Property နှင့်ပတ်သက်ပြီး ကာကွယ်စောင့်ရှောက်ရန် လိုအပ်ချက်များကို မီးမောင်းထိုးပြထားသည့် ဆန်းသစ်တီထွင်မှုများကို မြှင့်တင်ဆောင်ရွက်ရေး (Promotion of Innovation) ၊ စျေးကွက် integrity ကို မြှင့်တင်ရေး ဟူသည့် အချက်နှစ်ချက်ပေါ်မူတည်၍ ကမ္ဘာ့နိုင်ငံများအသီးသီးမှ Intellectual Property ဆိုင်ရာ မူဝါဒများအား ရေးဆွဲထားရှိကြောင်း၊ Intellectual Property (IP) မူ၀ါဒများ ချမှတ်ခြင်းအားဖြင့် ဆန်းစစ်တီထွင်မှုများနှင့် ယှဉ်ပြိုင်မှု အခင်းအကျင်းများကို တိုးတက်မြင့်မားလာစေနိုင်ပြီး တိုးတက်မှု မြင့်မားလာစေရေးအတွက် IP generation, IP protection, IP commercialization စသည့် မူဘောင်ကဏ္ဍများကို အလေးထားဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့်လည်း Intellectual Property အား ကာကွယ်စောင့်ရှောက်ရန်အတွက် မူဝါဒ(မူကြမ်း)အား ရေးဆွဲထားရှိပြီးဖြစ်ပါကြောင်း၊ အဆိုပါ (မူကြမ်း)တွင် မူ၀ါဒမျှော်မှန်းချက်အနေဖြင့် IP ကို စဉ်ဆက်မပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး (Sustainable Development) ဆောင်ကျဉ်းနိုင်ရေးအတွက် ထိရောက်စွာ အသုံးပြုနိုင်ရေးကို ဖော်ပြထားပြီး၊ မူ၀ါဒရေးရာ ရည်မှန်းချက်များအနေနှင့် ဖွံ့ဖြိုးရေး စီမံကိန်းများ၊ ကဏ္ဍအလိုက် ဖွံ့ဖြိုးရေး မူ၀ါဒများမှာ IP ကို ထည့်သွင်းပေါင်းစပ် စဉ်းစားနိုင်ရေး၊ IP assets များနှင့်ပတ်သက်ပြီး ဖော်ထုတ်ခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် စီးပွားရေးလုပ်ဆောင်ခြင်း စသည်များကို အားပေးဆောင်ရွက်ရေး၊ နည်းပညာများ လွှဲပြောင်း ရယူဆောင်ရွက်ရေး၊ IP infrastructure အားကောင်းရေးနှင့် ဉပဒေ၊ အင်စတီကျူးရှင်း မူဘောင်များ ချမှတ်ဆောင်ရွက်ရေး၊ ဖက်ဒရယ်၊ ပြည်နယ်နှင့် နိုင်ငံတကာ အိုင်ပီစနစ်များအကြား ချိတ်ဆက်ဆောင်ရွက်နိုင်ရေး စတာတွေကို ချမှတ်ထားပါကြောင်း ဆွေးနွေးခဲ့ပါသည်။ နိဂုံးချုပ်အနေဖြင့် တက်ရောက်လာသူများအား ပြောင်းလဲတိုးတက်နေသောကမ္ဘာကြီးအား အမြဲစဥ်ဆက်မပြတ်လေ့လာပြီး အသိပညာအတတ်ပညာများဖြင့် ပြန်လည်အကျိုးပြုနိုင်စေရန် ဆုမွန်တောင်းပြီး ကျေးဇူးတင်စကားပြောကြားပြီးနောက် အခမ်းအနားအား အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။