Sustainability Week Summit သို့ ပြည်ထောင်စု၀န်ကြီး တက်ရောက်ခြင်း

လန်ဒန်မြို့တွင် မတ်လ (၂၁) ရက်နေ့မှ (၂၄) ရက်နေ့အထိ Economist Impact မှကျင်းပသော 7th annual Sustainability Week: Accelerating transition, building resilience သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စု၀န်ကြီးတက်ရောက်လျက်ရှိသည်။ Sustainability Week Summit အား ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ Keynote remarks ဖြင့် စတင်ကျင်းပခဲ့ပြီး၊ မူဝါဒရေးရာချမှတ်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကျွမ်းကျင်ပညာရှင်များမှ 2021 United Nations Climate Change Conference (COP26)ဆိုင်ရာ လမ်းပြမြေပုံများ၊ ဆန်းသစ်တီထွင်မှုဆိုင်ရာ မူဝါဒအကောင်အထည်ဖော်ဆောင်မှုများ၊ ဘဏ္ဍာရေးစနစ် ရေရှည်တည်တံ့ခိုင်မာမှု ဆိုင်ရာကိစ္စရပ်များ၊ Digital Economy ရေးရာ မူဝါဒများနှင့် လက်တွေ့ ကျင့်သုံးဖော်ဆောင်မှုများ၊ စီးပွားရေး-နိုင်ငံရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်မှုရေးရာ ကိစ္စရပ်များ၊ စိုက်ပျိုးရေးကဏ္ဍနှင့် Biodiversity ကိစ္စရပ်များ၊ သဘာ၀ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် သဘာ၀သယံဇာတရေးရာကိစ္စရပ်များ၊ Net Zero ဆိုင်ရာ ပြောင်းလဲတိုးတက်မှုများကို စီမံခန့်ခွဲခြင်း စသည်များကို ဆွေးနွေးတင်ပြခဲ့ကြသည်။ အဆိုပါ Summit သို့ နိုင်ငံအသီးသီးမှ အစိုးရအဖွဲ့၀င်များ၊ ပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် ကဏ္ဍအလိုက်တာ၀န်ရှိသူများမှ in-person, virtual ပုံစံများဖြင့် တက်ရောက်ကြသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top