အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ Myanmar Institute of Economy, Commerce and Industry (MIECI) မှ ဖွင့်လှစ်ပို့ချသွားမည့် “She Trades Program” သင်တန်းကို (၃) လတာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
ပါဝင်တက်ရောက်သူများသည် သင်တန်းကာလ (၃) လ အား တစိုက်မတ်မတ် တက်ရောက်ရန် လိုအပ်ပါသည်။ လူဦးရေ ကန့်သတ်ထားပါသဖြင့် သင်တန်းကျင်းပရေးမှ တာဝန်ရှိသူများမှ စိစစ်ရွေးချယ် အကြောင်းကြားသွားမည် ဖြစ်ပါသည်။