အမျိုးသားညီညွတ်ရေးအစိုးရ၊ “ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန” ၏ လုပ်ငန်းစဥ်များထဲမှ နွေဦး ခေါင်းဆောင်မှုနှင့် စွမ်းရည်မြှင့်သင်တန်း ကျောင်း၏ ရှေ့လုပ်ငန်းစဥ်များအား အကောင်အထည် ဖော်ဆောင် လျက်ရှိရာ Leadership Development Program ၏ Leadership Seminar Series များမှ တတိယအကြိမ် ဆွေးနွေးပွဲ ဖြစ်သည့် Transformational Leadership Seminar ကို စက်တင်ဘာလ ( ၂၀) ရက်၊ နေ့လည် ( ၂) နာရီမှ ( ၄) နာရီအထိ CPCS မှအမှုဆောင်ဒါရိုက်တာ Dr. Emma Leslie မှဆွေးနွေးခဲ့ကြရာ ဌာနဆိုင်ရာ အသီးသီးမှ စုစုပေါင်း ၁၄၀ ဦး တက်ရောက်ခဲ့ကြသည်။
