စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
Myanmar Institute of Commerce
New Commercial Leadership Program ဆိုင်ရာ ကြေညာချက် (၂/၂၀၂၁)
==================================================
အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ Myanmar Institute of Commerce သည် New Commercial Leadership Program ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ Business English Course ဖွင့်လှစ်ရန် သင်တန်းသားများ ခေါ်ယူခဲ့ပါသည်။ သင်တန်းသားများခေါ်ယူရာတွင် သင်တန်းလျှောက်လွှာတောင်းဆိုမှုအတွက် လူကိုးထောင်ကျော်ခန့် ဆက်သွယ်ပြီး၊ လျှောက်လွှာ (၈၇၀၀) ကျော် တင်သွင်းခဲ့ကြပါသည်။ အဆိုပါ လျှောက်လွှာ (၈၇၀၀) အနက် မှ ရွေးချယ်ခံရသော Business English သင်တန်းသားများကို အောက်တိုဘာလ (၇) ရက်နေ့တွင် အီးမေးလ်မှတဆင့် အကြောင်းကြားပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လျှောက်ထားသူများအနေဖြင့် သက်ဆိုင်ရာ အီးမေးလ်များအား စစ်ဆေးပေးပါရန် တိုက် တွန်းအပ်ပါသည်။
စီမံအုပ်ချုပ်မှုဒါရိုက်တာ
Myanmar Institute of Commerce
