Statement

အကြမ်းဖက်စစ်အုပ်စုအား လေယာဉ်ဆီတင်သွင်းပံ့ပိုးနေသော လုပ်ငန်းများဆိုင်ရာ ထုတ်ပြန်ကြေညာချက် (၂/၂၀၂၂)

အကြမ်းဖက်စစ်အုပ်စုအား လေယာဉ်ဆီတင်သွင်းပံ့ပိုးနေသော လုပ်ငန်းများဆိုင်ရာ ထုတ်ပြန်ကြေညာချက် (၂/၂၀၂၂) Read More »

အကြမ်းဖက်စစ်အုပ်စုအား စစ်လက်နက်များ ၀ယ်ယူရရှိနိုင်စေရန် ပံ့ပိုးနေသော လုပ်ငန်းများဆိုင်ရာ ထုတ်ပြန်ကြေညာချက် (၁/၂၀၂၂)

အမျိုးသားညီညွတ်ရေးအစိုးရ စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန

အကြမ်းဖက်စစ်အုပ်စုအား စစ်လက်နက်များ ၀ယ်ယူရရှိနိုင်စေရန် ပံ့ပိုးနေသော လုပ်ငန်းများဆိုင်ရာ ထုတ်ပြန်ကြေညာချက် (၁/၂၀၂၂) Read More »

အကြမ်းဖက်စီးပွားရေးလုပ်ငန်းများဆိုင်ရာ ထုတ်ပြန်ကြေညာချက် (၂/၂၀၂၁)

ရက်စွဲ။ ။ နိုဝင်ဘာလ (၁၀) ရက်၊ ၂၀၂၁ ခုနှစ် ============== ၁။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုဉ်းရေးနှင့် ကာလရှည်ကြာ စိုးမိုးမှု မရှိစေရေး အတွက် စစ်အာဏာရှင်များ၏ စီးပွားရေးလုပ်ငန်းများနှင့် ဝင်ငွေရလမ်းများအား ပိတ်ဆို့အရေးယူ ဖြတ်တောက်ခြင်းသည် အလွန်အရေးပါသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။ ၂။ အကြမ်းဖက်စစ်အုပ်စု၏ စီးပွားရေးအင်ပါယာသည် စျေးကွက်နယ်ပယ်စုံ၌ ထိုးဖောက် နေရာယူကာ စီးပွားအရေးအကျိုးအမြတ်များစွာ နှစ်စဥ်ရရှိနေသည်။ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL)နှင့် မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်း(MEC)သည် နိုင်ငံတော်ပုန်ကန်မှုကို ထောက်ကူပြုပြီး၊ မလျော်သြဇာဖြင့် စစ်တပ်၏ လုပ်ပိုင်ခွင့်နှင့် အင်အားကို အသုံးပြုကာ စီးပွားရေးလုပ်ငန်းများစွာကို လုပ်ဆောင်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စီးပွားရေး ဆိုင်ရာထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးမှ စိစစ်တွေ့ရှိ ရသည်။ ၃။ ယင်းသို့

အကြမ်းဖက်စီးပွားရေးလုပ်ငန်းများဆိုင်ရာ ထုတ်ပြန်ကြေညာချက် (၂/၂၀၂၁) Read More »

ကြေညာချက်အမှတ်(၄/၂၀၂၁)

၂၀၂၁ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက် အမည်ပျက်စာရင်းကြေညာခြင်း ၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ‌တော်၊ အမျိုးသားညီညွတ်ရေးအစိုးရသည် နိုင်ငံတော် အာဏာအား အကြမ်းဖက်စစ်ကောင်စီမှ မတရားသိမ်းပိုက်ရယူခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံ့ ဝန်ထမ်းများအနေဖြင့် အာဏာသိမ်းစစ်ကောင်စီအား ဆက်လက် အလုပ်အကျွေးမပြုဘဲ တရားမျှတမှုနှင့် ပြည်သူတို့၏အကျိုးကိုရှေးရှု၍ မတရားသောအမိန့်အာဏာ ဖီဆန်ရေးလှုပ်ရှားမှု Civil Disobedience Movement (CDM) တွင် ပါဝင်ဆောင်ရွက်ရန် အကြိမ်ကြိမ်ဖိတ်ခေါ် ကမ်းလှမ်းခဲ့ပြီး ဖြစ်သည်။ ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် လည်း နိုင်ငံနှင့်ပြည်သူတို့၏ အနာဂတ်အကျိုးအတွက် ရဲဝံ့စွာဖြင့် အာဏာရှင် အကြမ်းဖက် စစ်ကောင်စီကို တွန်းလှန်နေကြသော CDM သူရဲကောင်းများ၏ လူမှုဖူလုံရေးနှင့် လုံခြုံရေး အတွက် အလေးပေးဆောင်ရွက်နေသကဲ့သို့ တစ်ဖက်တွင်လည်း အာဏာသိမ်း စစ်ကောင်စီ သြဇာခံကာ CDM ဝန်ထမ်းများကို

ကြေညာချက်အမှတ်(၄/၂၀၂၁) Read More »

ကြေညာချက်အမှတ်(၃/၂၀၂၁)

၂၀၂၁ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက် အမည်ပျက်စာရင်းကြေညာခြင်း ၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် မတရားသောအမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု Civil Disobedience Movement (CDM) ပြုလုပ်နေကြသောဝန်ထမ်းများ၏ လူမှုူဖူလုံရေးနှင့် လုံခြုံရေးအတွက် အထူးအလေးပေးဆောင်ရွက် လျက်ရှိပါသည်။ ၂။ CDM လုပ်ဆောင်နေကြ‌သောဝန်ထမ်းများအားလုံးသည် နိုင်ငံနှင့်ပြည်သူတို့၏ အနာဂတ် အကျိုးအတွက် အာဏာရှင်ကိုတွန်းလှန်နေကြသော သူရဲကောင်းများဖြစ်ပါသည်။ CDM လှုပ် ရှားမှုတွင် ပါဝင်ခြင်းကြောင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အလုပ်ထုတ်ခံရခြင်း၊ မတရား ဖမ်းဆီးထိန်းသိမ်းခံရခြင်း၊ ပင်စင်ခံစားခွင့်မရခြင်း၊ လတ်တလော ကွယ်လွန်သည့်အခါတွင် ပင် နိုင်ငံဝန်ထမ်းတစ်ဦးအနေဖြင့် ခံစားခွင့်မရရှိခြင်းစသည့် မတရားဖိနှိပ်မှုများကို ခံစားနေ ကြရပါသည်။ ၃။ CDM လုပ်ဆောင်နေကြ‌သောဝန်ထမ်းများကို အကြမ်းဖက်စစ်ကောင်စီအလိုကျ ခြိမ်း ခြောက်အကြပ်ကိုင် ဖိအားပေးလျက်ရှိသည့် ဝန်ထမ်းအကြီးအကဲများ၊ အရာထမ်းများသည် နိုင်ငံတော်ပုန်ကန်

ကြေညာချက်အမှတ်(၃/၂၀၂၁) Read More »

အကြမ်းဖက်စီးပွားရေးလုပ်ငန်းများဆိုင်ရာ ထုတ်ပြန်ကြေညာချက် (၁/၂၀၂၁)

၁။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အား တရားဝင် အုပ်ချုပ် နေသည့်အစိုးရထံမှ နိုင်ငံတော် အာဏာသိမ်းယူရန် ကြိုးပမ်းမှုကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အဖြစ် တာဝန်ယူထားသူ ဗိုလ်မင်းအောင်လှိုင်နှင့်အပေါင်းအပါများမှ စစ်တပ် အပေါ် တွင်ရှိသည့်သြဇာ နှင့် လုပ်ပိုင် ခွင့် ကို အလွဲသုံးစားပြု၍ ကျူးလွန်ခဲ့ပါသည်။ ၂။ ဗိုလ်မင်းအောင်လှိုင်နှင့် စစ်ကောင်စီအမည်ခံ အဖွဲ့ဝင်များသည် နိုင်ငံတော်အာဏာ သိမ်းယူရန် ကြိုးပမ်း ခဲ့ရာမှ နိုင်ငံတော်ပုန်ကုန်မှုများကို ကျူးလွန်ခဲ့ကြပြီး၊ မတရားမှုအား ဆန့်ကျင်ခဲ့ကြသည့် ပြည်သူ လူထုအား နည်းမျိုးစုံ ဖြင့်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးခြင်း၊ ခိုးယူခြင်း၊ ဓားပြတိုက်ခြင်း စသည့် အကြမ်းဖက်စစ်ရာဇဝတ်မှုများကို ဆက်လက် ကျူးလွန် ခဲ့ကြ ပါသည်။

အကြမ်းဖက်စီးပွားရေးလုပ်ငန်းများဆိုင်ရာ ထုတ်ပြန်ကြေညာချက် (၁/၂၀၂၁) Read More »

ကြေညာချက်အမှတ်(၂/၂၀၂၁)

၁၃၈၃ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက် (၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ============================= ကြေညာချက်အမှတ်(၂/၂၀၂၁) ၁၃၈၃ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက် (၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်) ============================= နိုင်ငံ့ဝန်ထမ်း (အမြဲတမ်း) များကို လစာ(၂)လစာ အတိုးမဲ့ ကြိုတင်ထုတ်ချေးငွေများအား ပြန်လည်ပေးဆပ်ရန်မလိုအပ်သည့် ချီးမြှင့်ငွေအဖြစ် သတ်မှတ်ထားပြီးဖြစ်ကြောင်း ထပ်မံအသိပေးထုတ်ပြန်ကြေညာချက် ============================= ၁။ Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှု များအပေါ် ကုစားနိုင်ရေးအတွက် နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)များကို လစာ(၂)လစာ ကြိုတင် ထုတ်ပေး၍ အတိုးမဲ့ချေးငွေ အဖြစ် ၂ဝ၂ဝခုနှစ်၊ အောက်တိုဘာလမှစ၍

ကြေညာချက်အမှတ်(၂/၂၀၂၁) Read More »

အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၁)

၁၃၈၃ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက် (၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ============================== အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၁) ၁၃၈၃ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက် (၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်) ============================== ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဒေါ်မြနန္ဒာသင်းအား အမြဲတမ်းအတွင်းဝန်အဖြစ် ခန့်အပ်လိုက်သည်။ ခင်မမမျိုး ပြည်ထောင်စုဝန်ကြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၁) Read More »

Scroll to Top