အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး “ ရန်ကုန် စက်မှုဇုန်အသီးသီးမှ အလုပ်သမားများ” ၊ “ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ “ တာဝန်ရှိသူများနှင့် တွေ့ဆုံ

နိုဝင်ဘာလ (၂၀)

အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ဒေါ်ခင်မမမျိုးသည် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး၊ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေများ၊ ပြည်တွင်းနှင့် နယ်စပ်အခြေစိုက် အလုပ်သမားများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိမှု အခြေအနေများ၊ အလုပ်ရှင်-အလုပ်သမားဆက်ဆံရေးအခြေအနေများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ လုပ်ကိုင်ဆောင်ရွက်မှုများအပေါ် အလုပ်သမားများနှင့်အလုပ်သမားအဖွဲ့များ၏ အမြင်သဘောထားများ စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲအပြီးတွင် ထန်တလန်ပြည်သူများအတွက် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ဝင်များမှ လှူဒါန်းငွေ (၅၂၀၀၀၀) ကျပ်နှင့် “ ရန်ကုန်မြို့ စက်မှုဇုန်အသီးသီးရှိ အလုပ်သမားများမှ လှူဒါန်းငွေ (၁၃၂၀၀၀) ကျပ် အလှူငွေများအား လက်ခံရယူပေးခဲ့ပြီး၊ ထန်တလန်ပြည်သူများထံသို့ ပြန်လည် လွှဲပြောင်းကူညီရေး ဆောင်ရွက်လျှက်ရှိပါသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top