ကြေညာချက်အမှတ်(၂/၂၀၂၁)

၁၃၈၃ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက်

(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

National Unity Government

စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

=============================

ကြေညာချက်အမှတ်(၂/၂၀၂၁)

၁၃၈၃ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက်

(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်)

=============================

နိုင်ငံ့ဝန်ထမ်း (အမြဲတမ်း) များကို လစာ(၂)လစာ အတိုးမဲ့ ကြိုတင်ထုတ်ချေးငွေများအား

ပြန်လည်ပေးဆပ်ရန်မလိုအပ်သည့် ချီးမြှင့်ငွေအဖြစ် သတ်မှတ်ထားပြီးဖြစ်ကြောင်း

ထပ်မံအသိပေးထုတ်ပြန်ကြေညာချက်

=============================

၁။ Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှု များအပေါ် ကုစားနိုင်ရေးအတွက် နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)များကို လစာ(၂)လစာ ကြိုတင် ထုတ်ပေး၍ အတိုးမဲ့ချေးငွေ အဖြစ် ၂ဝ၂ဝခုနှစ်၊ အောက်တိုဘာလမှစ၍ ဆိုင်းငံ့ကာလ (၆)လ၊ ပြန်ဆပ်ကာလ(၁) နှစ်သတ်မှတ်ပြီး ပြည်သူ့ ဆန္ဒနှင့်အညီ ရွေးကောက်ဖွဲ့စည်းခဲ့သည့် အရပ်သား အစိုးရမှ ထုတ်ချေးခဲ့ပါသည်။

၂။ အဆိုပါချေးငွေအား ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလရွေးကောက်ပွဲရလဒ်အရ ပြည်သူ့ဆန္ဒနှင့် အညီ ဖြစ်ထွန်းပေါ်ပေါက်လာသည့် အမျိုးသားညီညွတ်ရေးအစိုးရမှ နိုင်ငံ့ဝန်ထမ်းများ၏ သက်သာချောင်ချိရေးကို ရှေးရှုလျက် CDM ဝန်ထမ်း၊ Non-CDM ဝန်ထမ်းမခွဲခြားဘဲ ပြန်လည် ပေးဆပ်ရန်မလိုအပ်သည့် ချီးမြှင့်ငွေအဖြစ် ပြောင်းလဲသတ်မှတ်ပေးခဲ့ပြီးဖြစ်သည်။

၃။ ပြည်သူလူထု၏ အခွန်ဘဏ္ဍာငွေများကို တရားဝင်စီမံခန့်ခွဲပိုင်ခွင့်ရှိသူမှာ ပြည်သူလူထု ကိုယ်တိုင် ယုံကြည်စွာ ဆန္ဒမဲပေးရွေးချယ်လိုက်သည့် အစိုးရသာဖြစ်ပြီး (ပြည်သူလူထု၏ ဆန္ဒအား အလေးမထား၊ လစ်လျူရှုလျက်) နိုင်ငံတော်အာဏာအား အတင်းအဓမ္မ သိမ်းယူထား သည့် အကြမ်းဖက်စစ်ကောင်စီမှ ပြည်သူ့အခွန်ဘဏ္ဍာငွေများအား စီမံခန့်ခွဲပိုင်ခွင့် လုံးဝ(လုံးဝ) မရှိပါ။

၄။ ယခုအခါ အကြမ်းဖက်စစ်ကောင်စီသည် CDM ဝန်ထမ်းများအား ချေးငွေ ပြန်လည် ပေးဆပ်ရန် ခြိမ်းခြောက်တောင်းဆိုလာပြီး ချေးငွေပြန်လည်ပေးဆပ်ခြင်း မရှိပါက တရားဥပဒေ ကြောင်းအရ တရားစွဲဆိုသွားမည်ဟု အကြောင်းကြားစာများ ပေးပို့နေကြောင်း သိရှိရသည်။

၅။ သို့ဖြစ်ပါ၍ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အဆိုပါချေးငွေများအား ပြန်လည် ပေးဆပ်ရန် မလိုအပ်သည့်ချေးငွေအဖြစ် တရားဝင်သတ်မှတ် ထုတ်ပြန်ကြေညာထားပြီး ဖြစ်ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ CDM ဝန်ထမ်းများ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ ခြိမ်းခြောက်တောင်းဆိုမှုများအား အသိအမှတ်ပြုရန် မလိုအပ် ကြောင်းနှင့် ပြန်လည်ပေးဆပ်ရန် မလိုကြောင်းထပ်မံ ထုတ်ပြန်ကြေညာလိုက်သည်။

ခင်မမမျိုး

Union Minister

Ministry of Commerce

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top