..အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့၏ နှစ်သစ်ဆုမွန်လွှာ..

ပုဂံခေတ်ကပင် စတင်ခဲ့သော သင်္ကြန်ရေကစားသည့် အလေ့အထကို မြန်မာ့ရိုးရာ ယဉ်ကျေးမှု တရပ်အဖြစ် လက်ဆင့်ကမ်းခဲ့ကြပြီး နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းသည့် အချိန်အခါသမယတွင် ပျော်ရွှင်စွာရေကစားခြင်း၊ ဘုရားစေတီ ဆင်းတုတော်များအား ရေသပ္ပါယ်ခြင်း၊ လူကြီးမိဘများအား မိသားစုစုံညီကန်တော့ခြင်း၊ သီလဆောက်တည်ခြင်း စသည့် ရိုးရာကောင်းမှုတို့ကို ပျော်ရွှင်စွာ ဆောင်ရွက်ခဲ့ကြသည့် မြန်မာပြည်သူလူထုတို့သည် အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်မှစတင်၍ ပြည်သူအားလုံး အလုံးစုံပါဝင်ဆင်နွဲနိုင်ခြင်း မရှိသည်မှာ လေးကြိမ်မြောက် ရှိခဲ့ပြီဖြစ်သည်။

IBHAအနေဖြင့် အမွေအနှစ်များကို တတ်နိုင်သည့်နည်းလမ်းဖြင့် ကာကွယ်စောင့်ရှောက်ခြင်း၊ တော်လှန်ရေးအောင်မြင်ပြီးနောက် အမွေအနှစ်အခြေခံသော ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ ဖော်ဆောင်နိုင်ရန် အားထုတ်ခြင်းအပြင် တော်လှန်ရေး အောင်မြင်စေရန်အတွက် ကျရာအခန်းကဏ္ဍမှ ပါဝင်အားဖြည့်ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာပြည်သူများအနေဖြင့် ယခုနှစ်သစ်ကူးမှစ၍ ဆင်းရဲဒုက္ခအပေါင်းမှကင်းဝေးပြီး မကြာခင်ကာလ တွင် မိသားစုများပြန်လည်ဆုံဆည်းရခြင်း၊ မိမိမူလဘူတလုပ်ငန်းခွင်များသို့ ပြန်လည်ဝင်ရောက်နိုင်ခြင်း၊ လူ့အခွင့်အရေးအပြည့်အဝနှင့် သုခချမ်းသာတို့ကို ဆောင်ကျဉ်းပေးနိုင်မည့် အစိုးရတစ်ရပ်ရရှိခြင်း စသည့်ဆန္ဒများပြည့်ဝ၍ ကျန်းမာမှု၊ စိတ်ချမ်းသာမှုအပေါင်း ပြည့်စုံကြပါစေကြောင်း IBHA မှ နှစ်သစ်ဆန္ဒမွန်ပြုလိုက်ရပါသည်။

#ခေတ်ဝန်ထမ်း၍ ပန်းခဲ့ရသည့်ပြည်သူများ လာမည့်နွေဦးပျော်ရွှင်မြူးကြပါစေ။

#အမွေအနှစ်ဆိုင်ရာ ကြားကာစီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top