ရက်တိုးမြင့်ကြောင်း အသိပေးကြေညာချက်
National Unity Government
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
MSME Development Center
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂ ရက်
“ အပတ်စဉ်(၃) Mini-MBA (၆)လ သင်တန်း လျှောက်ထားနိုင်မည့်ကာလ
ရက်တိုးမြင့်ကြောင်း အသိပေးကြေညာချက်”
အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ MSME Development Center မှ တတိယအကြိမ်ဖွင့်လှစ်မည့် အပတ်စဉ်(၃) Mini-MBA (၆)လ သင်တန်း အား လျှောက်ထားနိုင်မည့်ကာလသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၇)ရက်မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့အထိ ဖြစ်ပါသည်။
သို့သော် လက်ရှိကြုံတွေ့နေရသည့် မြေပြင်အခြေအနေများနှင့် သင်တန်းတက်ရောက် ကြမည့် တော်လှန်ပြည်သူများ၏ အကြံပြုချက်များအရ အကြောင်းအမျိုးမျိုးကြောင့် အပတ်စဉ်(၃) Mini-MBA(၆)လ သင်တန်းအတွက် လျှောက်ထားကြရန် ကျန်ရှိနေသေးသည့် တော်လှန်ပြည်သူများ အတွက် အပတ်စဉ်(၃) Mini-MBA (၆)လသင်တန်းအား လျှောက်ထားနိုင်မည့်ကာလကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၃၁)ရက်နေ့အထိ တိုးမြှင့်သတ်မှတ် လက်ခံပေးမည် ဖြစ်ကြောင်း အသိပေးကြေညာအပ် ပါသည်။
သို့ဖြစ်ပါ၍ သင်တန်းတက်ရောက်ကြမည့် တော်လှန်ပြည်သူများအနေဖြင့် (၇-၇-၂၀၂၄) ရက်နေ့ လျှောက်လွှာခေါ်ယူခဲ့သော အောက်ဖော်ပြပါ Google Form မှ တဆင့် အချိန်မီ တင်သွင်း လျှောက်ထားကြပါရန် တိုက်တွန်းအပ်ပါသည်။
သင်တန်းလျှောက်လွှာတင်သွင်းရန် Link
MSME Development Center
Ministry of Commerce
National Unity Government