Diploma သင်တန်းသားများ ခေါ်ယူခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီး ဌာန ၏ လုပ်ငန်းစဥ်များထဲမှ Myanmar Institute of Commerce (MIC) ၏ ရှေ့လုပ်ငန်းစဥ်များအား အကောင်အထည် ဖော်ဆောင် လျက် ရှိရာ New Generation Commercial Leadership Program အတွက် Diploma in International Trade နှင့် Diploma in International Business သင်တန်း များကို semester (၃) ခု ဖြင့် (၉) လ ကြာ သင်ကြားပို့ချ‌ရန် စီစဉ်လျက်ရှိပါ သည်။

ဒီပလိုမာ သင်တန်းတစ်ခုလျှင် သင်တန်းသား(၁၀၀)ဦးစီလက်ခံသင်ကြားမည် ဖြစ်ပြီးသင်တန်းသားများ အနေ ဖြင့် မိမိ နှစ်သက်ရာ သင်တန်းတခုစီ ကိုသာ ရွေးချယ် တက်ရောက်နိုင်မည်ဖြစ်ပြီး သင်တန်းကြေးမှာ အခမဲ့ ဖြစ်ပါသည်။

ပြည်တွင်းပြည်ပရှိတက်ရောက်လိုသူများအနေဖြင့် [email protected] သို့ သင်တန်း လျှောက်လွှာ ဖြည့်စွက်ပြီး ပေးပို့ လျှောက် ထား နိုင်ပါသည်။ ( လျှောက်လွှာဖောင်များကို [email protected] သို့ တောင်းခံရယူနိုင်ပါသည်။)

page chat box မှနေ၍လည်း Diploma ဟု စာပို့ကာ အဆင့်ဆင့် ရွေးချယ်ပြီး ဖောင်ကို ဒေါင်းယူနိုင်ပါပြီ ခဗျာ

Chat Box Link – m.me/mocNUGMyan

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်