Consumer Rights Awareness ကျင်းပခြင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

၂၀၂၂ ခုနှစ် ၊ ဇွန် လ (၂၁) ရက်နေ့

အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၂၀၂၂ ခုနှစ် ၊ ဇွန် လ (၂၀) ရက်နေ့ တွင် Consumer Rights Awareness ကို ညနေ (၄) နာရီမှ (၆) နာရီ အထိ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

ရှေးဦးစွာ အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ယှဉ်ပြိုင်မှုနှင့်စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဦးစီးအရာရှိက စားသုံးသူအခွင့်အရေး (၈) ချက်အကြောင်းကို ပြည့်စုံစွာ ဆွေးနွေးတင်ပြပြီး ယှဉ်ပြိုင်မှုနှင့်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က စားသုံးသူနှင့်အာမခံချက်များ ခေါင်းစဉ်ဖြင့် ကုန်စည်အာမခံချက်များ ၊ ဝန်ဆောင်မှုအာမခံချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေများကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေး၍ တက်ရောက်လာကြသူများ၏ မေးမြန်းဆွေးနွေးချက် အကြံပြုချက်များကို ဖြေကြားခဲ့ကြပါသည်။

ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

အဆိုပါ Consumer Rights Awareness သို့ ပြည်ထောင်စုဝန်ကြီး အပါအဝင် ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊CDM ဝန်ထမ်းများ ၊ ပြည်သူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ညနေ(၆)နာရီ တွင် ပြီးမြောက်ကြောင်း ကြေညာခဲ့ပါသည်။

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်