ဝန်ကြီးဌာန

စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး ဝန်ကြီးဌာန

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် စီးပွားရေးလုပ်ငန်းများ၊ တက္ကသိုလ်များ၊ ရပ်ရွာလူထုများနှင့် နိုင်ငံ့ဝန်ထမ်းများနှင့် လက်တွဲ၍ အလုပ်အကိုင်ဖန်တီးရေး၊ စီးပွားရေးတိုးတက်မှု၊ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာနိုင်ငံပြည်သူများ၏ လူနေမှုအဆင့်အတန်း မြှင့်တင်ပေးရန်အတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
Union Minister Daw Khin Ma Ma Myo

ခေတ်အဆက်ဆက် ပြည်သူလူထုကို နည်းမျိုးစုံနဲ့ သတ်ဖြတ်ညှဉ်းဆဲ ဖိနှိပ်ရမ်းကား ဒုက္ခပေးနေတဲ့ စစ်ကြီး သုံးစစ်ကို ကျမတို့ မြေလှန် အဆုံးသတ်နိုင်ဖို့ ကြိုးပမ်းသွားရပါမယ်။ ဖက်ဆစ်အတွေးအခေါ်တွေနဲ့ ပြည်သူလူထုကို အနိုင်ကျင့်တဲ့ စစ်တပ်၊ စစ်တပ်အသွင်ပြောင်း အရာရှိတွေနဲ့ တည်ဆောက်ထားတဲ့ စစ်ဗျူရိုကရက် အုပ်ချုပ်ရေးစနစ်၊ တပ်ဟောင်းတပ်သစ် အနွယ်တော်များ၊ မိတ်ဆွေများနဲ့ တည်ဆောက်ထားတဲ့ စစ်လက်ဝါးကြီးအုပ် စီးပွားရေးစနစ်၊ ဒီစစ်သုံးစစ်ကို ကျမတို့ ဖယ်ရှားကြရပါမယ်။ 

ဒီစစ်တွေ မရှိရင် ကျမတို့ တိုင်းပြည်ကြီးဟာ သာတူညီမျှမှု၊ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးမှုတို့ကို အခြေတည်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီး စစ်စစ် ဖြစ်လာတော့မှာပါ။ မတရားမှုဟာ ဥပဒေဖြစ်လာရင် တော်လှန်ခုခံမှုဟာ တာဝန်တရပ်ဖြစ်လာတယ် ဆိုတဲ့အဆိုအမိန့်အတိုင်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေကြသော ပြည်သူတရပ်လုံးကို ဦးညွတ်ပါတယ်။

ဒေါ်ခင်မမမျိုး
ပြည်ထောင်စုဝန်ကြီး
မျှော်မှန်းချက်
  • ဖက်ဒရယ်ပြည်ထောင်စု၏ စီးပွားရေးဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမျိုးပေါင်းစုံ၊ လူထုလူတန်းစားအသီးသီးတို့၏ စီးပွားရေး အခွင့်အရေးများ သာတူညီမျှ ရရှိခံစားခွင့်ရှိစေရေး တို့အတွက်  ဆောင်ရွက်ရန်
ဦးတည်ချက်
  • ဖက်ဒရယ်ပြည်ထောင်စု၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ကုန်သွယ်မှုဝန်းကျင် တိုးတက်ကောင်းမွန်ရေး
  • ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်ရေး
  • ပုဂ္ဂလိက အခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရေး
  • စီးပွားရေးလွတ်လပ်ခွင့် (Economic Freedom) မြှင့်တင်ဆောင်ရွက်ရေး
  • ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဈေးကွက်ချဲ့ထွင်ရေး
စံတန်ဖိုးများ
  • စစ်ကောင်စီ၏ ငွေရလမ်းများကို ဖြတ်တောက်ပိတ်ဆို့ရန်နှင့် စစ်ကောင်စီ၏ စစ်ကောင်စီ၏ စီးပွားရေးလုပ်ငန်းများအား Soft Power ဖြင့် တိုက်ခိုက်ခြင်း၊ နိုင်ငံတကာ ထောက်ခံမှု ရယူခြင်း
  • တော်လှန်ရေးရန်ပုံငွေများ ရှာဖွေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း နှင့် ဝင်ငွေ တိုးပွားရေးဆောက်ရွက်ခြင်း
  • စီးပွားရေးဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်တည်ဆောက်ခြင်း
  • အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု၏ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးမူဝါဒ (မူကြမ်း) များပြုစုခြင်း
  • ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်ရာတွင် အန်ယူဂျီအစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ စိုးမိုးထားသော နယ်မြေများတွင် စီးပွားရေးလုပ်ငန်းများ ဆောက်ရွက်ခြင်း၊ နယ်စပ် ကုန်သွယ်ရေး ဆောင်ရွက်ခြင်း
Scroll to Top