2nd Global Trade Week ကွန်ဖရင့်သို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်ခြင်း

လန်ဒန်မြို့တွင် ဇွန်လ (၂၇) ရက်နေ့မှ (၃၀) ရက်နေ့အထိ Economist Impact မှကျင်းပသော 2nd Global Trade Week: Prosperity powered by trust: technology, data and supply-chain resilience ကွန်ဖရင့်သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး တက်ရောက်လျက်ရှိသည်။

2nd Global Trade Week ကွန်ဖရင့်တွင် အစိုးရအဖွဲ့ဝင်များ၊ WTO မှ တာဝန်ရှိသူများ၊ မူဝါဒ ရေးရာချမှတ်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကျွမ်းကျင်ပညာရှင်များမှ Geopolitical dynamics impacting supply chains, Supply-chain resilience, Digital trade and trade finance, Greening trade and building sustainable supply chains စသည်များကို ဆွေးနွေးတင်ပြခဲ့ကြသည်။

အဆိုပါ ကွန်ဖရင့်သို့ နိုင်ငံအသီးသီးမှ အစိုးရအဖွဲ့ဝင်များ၊ ပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် ကဏ္ဍအလိုက်တာဝန်ရှိသူများမှ in-person, virtual ပုံစံများဖြင့် တက်ရောက်ကြသည်။

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်