အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်ဆွေးနွေးပွဲကျင်းပ

မတ်လ ၈ ရက်၊ ၂၀၂၂

အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၂ခုနှစ်၊မတ်လ ၈ ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အဖြစ် “Women’s Economic Empowerment as a precondition for sustainable development and resilience in Myanmar ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို နေ့လည် (၁)နာရီ မှ (၄) နာရီထိ ကျင်းပပြု လုပ်ခဲ့ရာ ( 1.) Sustainable Development and Resilience ၊ (2.) Women,s Economic Empowerment ၊ (3). WEE and Sustainable Development and Resilience ၊ (4). How to link WEE and resilience in conflict situations in Myanmar (5.) Possible Policy Initiatives and how to bring policy into practice in current situations ခေါင်းစဉ် (၅)ခုဖြင့် ဆွေးနွေးခဲ့ကြပါသည်။

ပထမဦးစွာ အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီး များနေ့ အထိမ်းအမှတ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ထို‌နောက် တက်ရောက်လာသူများမှ ‌တော်လှန်ရေးကာလတွင် အမျိုးသမီးများ၏ အခန်း ကဏ္ဍသည် အရေးပါမှု၊ အမျိုးသမီးများ၏ စွမ်းဆောင်ရည်များမြင့်မားလာမှုများ၊ နည်းပညာ၊ဈေးကွက် ၊မူဝါဒများ၊ လက်ရှိရင်ဆိုင်နေရသော စိန်ခေါ်မှုများ၊ စီးပွားရေးလုပ်ငန်းများတွင် အမျိုးသမီးများ ပိုမိုပါဝင်လာပြီး လုပ်ဆောင်နိုင်ရန် နည်းလမ်းများကို အပြန်အလှန်ဆွေးနွေးအကြံပြုခဲ့ကြပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊အစိုးရတာ၀န်ရှိသူများ၊ CDM တိုကိပွဲ၀င်များ တက်ရောက် ခဲ့ကြပါသည်။

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်