ယှဉ်ပြိုင်မူဝါဒ (Competition Policy Framework) ရေးဆွဲနိုင်ရေး အကြံပြုချက် များရယူသည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ပြီးစီး

နိုဝင်ဘာ ၃၀

အမျိုးသားညီညွတ်ရေးအစိုးရ၊စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာအနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု၏ စီးပွားရေး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမျိုးပေါင်းစုံ၊ လူထုလူတန်းစားအသီးသီးတို့၏ စီးပွားရေးအခွင့်အရေးများ သာတူညီမျှခံစားခွင့်ရရှိစေရေးအတွက် ဆောင်ရွက်ရန် ဟူသည့် ဝန်ကြီးဌာန၏ မျှော်မှန်းချက်များကို အကောင်အထည် ဖော်ဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိရာ ကနဦးအနေဖြင့် “ ယှဉ်ပြိုင်မှုမူဝါဒ” (Competition Policy Framework) ရေးဆွဲနိုင်ရေး အကြံပြုချက်များရယူသည့် အလုပ်ရုံဆွေးနွေးပွဲအား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်၊ နေ့လည်(၁:၀၀) မှ (၄း၀၀) အထိ ကျင်းပပြုလုပ်ခဲ့ပြီး ဖိတ်ကြားထားသော လွှတ်တော်ကိုယ်စားလှယ်များ ၊ သက်ဆိုင်ရာဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ ၊ အမျိုးသမီးအဖွဲ့များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်