ကြေညာချက်အမှတ်(၄/၂၀၂၁)

၂၀၂၁ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်

အမည်ပျက်စာရင်းကြေညာခြင်း

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ‌တော်၊ အမျိုးသားညီညွတ်ရေးအစိုးရသည် နိုင်ငံတော် အာဏာအား အကြမ်းဖက်စစ်ကောင်စီမှ မတရားသိမ်းပိုက်ရယူခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံ့ ဝန်ထမ်းများအနေဖြင့် အာဏာသိမ်းစစ်ကောင်စီအား ဆက်လက် အလုပ်အကျွေးမပြုဘဲ တရားမျှတမှုနှင့် ပြည်သူတို့၏အကျိုးကိုရှေးရှု၍ မတရားသောအမိန့်အာဏာ ဖီဆန်ရေးလှုပ်ရှားမှု Civil Disobedience Movement (CDM) တွင် ပါဝင်ဆောင်ရွက်ရန် အကြိမ်ကြိမ်ဖိတ်ခေါ် ကမ်းလှမ်းခဲ့ပြီး ဖြစ်သည်။

၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် လည်း နိုင်ငံနှင့်ပြည်သူတို့၏ အနာဂတ်အကျိုးအတွက် ရဲဝံ့စွာဖြင့် အာဏာရှင် အကြမ်းဖက် စစ်ကောင်စီကို တွန်းလှန်နေကြသော CDM သူရဲကောင်းများ၏ လူမှုဖူလုံရေးနှင့် လုံခြုံရေး အတွက် အလေးပေးဆောင်ရွက်နေသကဲ့သို့ တစ်ဖက်တွင်လည်း အာဏာသိမ်း စစ်ကောင်စီ သြဇာခံကာ CDM ဝန်ထမ်းများကို မတရားဖိနှိပ်ခြင်း၊ ခြိမ်းခြောက်အကြပ်ကိုင် ဖိအားပေးခြင်း များ ပြုလုပ်နေသည့်ဝန်ထမ်းများနှင့် နိုင်ငံနှင့်ပြည်သူကို သစ္စာဖောက်ကာ စစ်ကောင်စီအတွက် ထိရောက်သော အခန်းကဏ္ဍမှ ကျိုးနွံစွာ အလုပ်အကျွေးပြုနေသည့် ဝန်ထမ်းများကိုလည်း နိုင်ငံတော်ပုန်ကန်မှုတွင် အားပေးကူညီခြင်းနှင့်ဆိုင်သော ပြစ်မှု၊ ပြစ်ဒဏ်များကို ခံယူထိုက်သူများ အဖြစ် သတ်မှတ်၍ အရေးယူခြင်းများ ဆောင်ရွက်လျက် ရှိသည်။

၃။ နိုင်ငံတော်၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေး ရည်ရွယ်ချက်ဖြင့် ပြည်ပ နိုင်ငံများသို့ စေလွှတ်ထားရှိပြီးဖြစ်သော စီးပွားရေးသံမှူးများသည် နိုင်ငံတကာဆက်ဆံရေး၊ ကူးသန်းရောင်းဝယ်မှုဆိုင်ရာ သံတမန်ဆက်ဆံရေးတို့နှင့်စပ်လျဉ်း၍ အရေးပါသော အခန်း ကဏ္ဍ တွင် ပါဝင်နေကြသူများဖြစ်ပါသည်။ ၎င်းတို့သည် နိုင်ငံတော်နှင့် ပြည်သူ့ဘက်၌ ရပ်တည်ခြင်း မရှိဘဲ အကြမ်းဖက်စစ်ကောင်စီအား သစ္စာခံအလုပ်အကျွေးပြုနေပြီး အာဏာသိမ်းစစ် ကောင်စီ နှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ရောက်ရှိနိုင်ငံ အစိုးရများအကြား ဆက်သွယ်ဆောင်ရွက်မှုများ ကို ပံ့ပိုးကူညီဆောင်ရွက်ပေးနေကြောင်း၊ အစည်းအဝေးများ၊ ကုန်စည်ပြပွဲများနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် သဘောတူညီချက်များ ရရှိစေရန် ကူညီဆောင်ရွက်ပေး နေကြောင်း စသည်တို့ကို တွေ့ရှိရပါသည်။

၄။ အကြမ်းဖက်စစ်ကောင်စီအလိုကျ စစ်ကောင်စီ၏ ဝင်ငွေရလမ်းကြောင်းများကိုအထောက် အကူပြုခြင်းနှင့် စစ်ကောင်စီ သက်တမ်းရှည်ကြာစေ‌ရေး အားပေးကူညီသော လုပ်ရပ်များကို ဆောင်ရွက်ပေးလျက်ရှိသည့် စီးပွားရေးသံမှူးများသည် နိုင်ငံတော်ပုန်ကန်မှုနှင့် ဆိုင်သော ပြစ်မှု၊ ပြစ်ဒဏ်များဖြင့် အရေးယူထိုက်သူများဖြစ်ပါသည်။

၅။ သို့ဖြစ်ပါ၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့် အကြမ်းဖက်စစ်ကောင်စီအလိုကျ စစ်ကောင်စီ၏ ဝင်ငွေရလမ်းကြောင်းများကို အထောက်အကူပြုခြင်းနှင့် စစ်ကောင်စီ သက်တမ်းရှည်ကြာစေ‌ရေး အားပေးကူညီသော လုပ် ရပ်များကို ဆောင်ရွက်ပေးလျက်ရှိသည့် နိုင်ငံနှင့်ပြည်သူကို သစ္စာဖောက်သည့် အောက်ဖော် ပြပါ စီးပွားရေးသံမှူးများကို အမည်ပျက်စာရင်းဝင်သူများအဖြစ်သတ်မှတ်‌ကြေညာပြီး ၎င်းတို့၏ ရာထူးဖြစ်တည်မှုအပါအဝင် ကိစ္စအဝဝကို အစိုးရအနေဖြင့် အသိအမှတ်ပြုတော့မည် မဟုတ်

ကြောင်းနှင့် ၎င်းတို့ အားလုံးကို ဝန်ထမ်းအဖြစ်မှထုတ်ပယ်ကြောင်း ‌ကြေညာလိုက်သည်။

ခင်မမမျိုး

ပြည်ထောင်စုဝန်ကြီး

စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်